About Eagle

တိရိစ္ဆာန်တွေမှာ ကောင်းတဲ့ /နမူနာယူသင့်တဲ့ အလေ့အကျင့် စရိုက် life style တွေ ရှိနေကြတယ်..

အဲဒီ ထဲက ကျွန်တော် စိတ်ဝင်စားတာက-သိန်းငှက်အကြောင်း ဖြစ်တယ်..

"ကိုယ့်ထက်တော်နေပုံ"

သိန်းငှက်၊ (တချို့က) စွန်ရဲ၊ (ဆရာယုဒသန် ဘာသာပြန်ထားတဲ့ ခရစ်ယာန်ကျမ်းထဲမှာကျတော့) ရွှေလင်းတ လို့ခေါ်တဲ့ ငှက် ..အဲဒီငှက်ကိုကျွန်တော်ကြိုက်တယ် လေးစားတယ် ကျွန်တော် မလုပ်နိုင်တာ သူလုပ်နိုင်တယ်

ကောင်းပြီ ဘာတွေကောင်းလို့ ကြိုက်သလဲ?

"သိန်းငှက်အကြောင်း"

အမျိုးပေါင်း (၆၀) ကျော်တဲ့အဲဒီငှက်တွေဟာ-ကမ္ဘာအနှံ့မှာ ရှိနေတယ်..

သူတို့ဟာ အမဲလိုက်တဲ့ ငှက်မုဆိုးတွေ.. အုပ်စုနဲ့ နေတာမဟုတ်ဘူး တကိုယ်တော်သမားတွေ ဒါပေမဲ့ သူတို့မှာ အဖော် ...

ဒါမှမဟုတ် မိသားစု ရှိတယ်.. အမြင့်ပျံသမား ငှက်မုဆိုးဆိုတော့ မြေပြင် နဲ့ ရေပေါ်ရေအောက်မှာ ရှိတဲ့ သူတို့ရဲ့သားကောင်ကို သူတို့ဘယ်လိုဖမ်းဆီးမလဲ? ဒါ သိပ်ကို စိတ်ဝင်စားဖို့ကောင်းတာပေါ့.. သူတို့မျက်လုံးတွေဟာ သိပ်ကောင်းတယ်.. (ကင်မရာတွေမှာပါတဲ့ ဆူပါတယ်လီဇွန်းတွေလို) အဝေးဆွဲနိုင်တယ်.. ကြည့်လိုရာကိုစူးရှပြတ်သားတဲ့အရောင်နဲ့ တိကျကွဲပြားစွာ မြင်နိုင်တယ်.. လူထက် ၃.၆ဆ ပိုမြင်နိုင်တယ်လို့ ဆိုတယ်.. မြေပေါ်ကကြွက်လို အရွယ် တွားသွားသတ္တဝါလေးတွေကို သဲသဲကွဲကွဲ မြင်နိုင်တယ်။ ရေမျက်နှာပြင် နဲ့ကပ်နေတဲ့ တတောင်အကွာ ငါးတွေကို ကြည်ကြည်လင်လင်တွေ့နိုင်တယ်။

သူတို့တောင်ပံတွေ သိပ်ကောင်းတယ်

ဒါပဲလား?

မဟုတ်သေးဘူး..လေစုန် လေဆန်ထဲမှာ အမြန်ပျံနည်း..ဝဲနေနည်း လေကြောင်းတွေ ရဲ့ လမ်းကြောင်း..

ဒါတွေကို တိုက်လေယာဉ်မှုးလိုကျွမ်းကျင်တယ်.. သူကြိုက်တဲ့သားကောင်ကို-ဘယ်လိုမှ မမိဘူးဆိုတာ မရှိ/ပြေးလို့မလွတ်နိုင်အောင်..

ကောင်းကင်ယံကနေ မြေပြင် ရေပြင်ပေါ် တဟုန်ထိုး ပျံဝဲ လာမယ်.. ရှင်နေတဲ့/ ပြေးဖို့ကြိုးစားနေတဲ့/ ပြန်လည်ခုခံဖို့ ကြိုးစားနေတဲ့ သားကောင်ကို လက်ဦးမှုရယူ သုတ်ယူကုတ်ချီနိုင်အောင် လျှင်မြန်အားကောင်းတဲ့ တောင်ပံ၊ လေးလံချွန်ထက်တဲ့ နှုတ်သီး၊ သန်မာကြမ်းတမ်းတဲ့ ခြေကုတ်ခြေစွယ်တွေကို ပိုင်ဆိုင်တဲ့အကောင်တွေ၊ သူတို့ ပိုင်တဲ့ အင်အားပြည့်တဲ့ လက်နက်တွေကို ဘယ်လို သုံးရမလဲဆိုတာရယ်

ဘယ်ရန်သူကို ဘယ်လို ချေမှုန်းရမယ်ဆို တဲ့ စစ်နည်းပရိယာယ်ကောင်းတွေနားလည်ကြတဲ့အကောင်တွေမျိုး။

သူတို့နဲ့အလေးချိန်တူတူသားကောင်တွေကို အသာလေး ကုတ်ယူချီငင်ပြီး တောင်ထိပ်ကမ္ဘားထိပ် သစ်ပင်ထိပ်တွေမှာရှိတဲ့ အသိုက်တွေရှိရာကို ပျံဝဲတက်သွားမယ်.. ခြေထောက်ထဲမှာပါလာတဲ့ သားကောင်ကို လမ်းမှာပဲ ဆွဲဖြဲသုတ်သင်သတ်ဖြတ်မယ်

သူတို့ချီဆွဲလို့မရတဲ့သားကောင်တွေကျတော့ မြေပြင် ရေပြင်ပေါ်မှာပဲ သတ်ဖြတ်ပြီး နိုင်သလောက်သာ အသိုက်ကိုကိုက်ယူချီသယ်သွားကြတဲ့ တကယ့်မုဆိုးတွေ။

မြေပြင်ပေါ်မှာ ကျီးကန်းတောင်းမှောက် မျက်လုံးနဲ့စိုးရိမ်တကြီး အသေကောင်ကို စားတဲ့ ငှက်မဟုတ်..

သားကောင် အရှင်ကို ကောင်းကင်အမြင့်တနေရာကနေ ရှာဖွေ.. မြေပြင်ရေပြင်ပေါ်မှာဖမ်းဆီး သုတ်သင်ပြီး ကိုယ့်ပိုင်နက်အမြင့်တနေရာကို ယူဆောင်သွားတဲ့ ငှက်။

သိန်းငှက်၊ စွန်ရဲ တွေ ရဲ့အော်မြည်သံဟာ

အကြောင်းမဲ့ မဟုတ်၊ သတိပေးတဲ့ အခါမှာ အော်မြည်ခြင်း နဲ့နှုတ်ခွန်းဆက်တဲ့အခါမှာ အော်မြည်ခြင်းရယ် လို့ နှစ်မျိုးပဲ ရှိတယ်။

"ဘာသာရေးပုံရိပ်တွေထဲမှ သိန်းငှက်ရုပ်များ"

နောက်တခု ထူးခြားတာ တခု-

ဘာသာရေးတိုင်းလိုလိုမှာ ဒီငှက်ရုပ်တွေ ပါနေတာ။ ရှေးကျတဲ့ ပီရူးလူမျိုးတွေရဲ့ ကိုးကွယ်မှု အနုပညာတွေထဲမှာ သိန်းငှက်တွေပါနေခဲ့တယ်။ နောက် ကရိလူမျိုးတွေရဲ့နတ်ဘုရားရုပ်တွေထဲမှာလဲ ပါခဲ့တယ်။ အင်ကလီကန်တွေရဲ့သမ္မာန်ကျမ်းစာတွေ၊ ခရစ်ယာန်ကျမ်းစာတွေထဲမှာ လဲ ပါသလို ဟင်ဒီဘာသာမှာလဲ ဒီငှက်နတ်ရုပ်တွေပါနေခဲ့တယ်။


"နိုင်ငံတော် အရုပ် သိန်းငှက်များ"

ထပ်ပြီး ထူးဆန်းတာတခုက- ကမ္ဘာ နိုင်ငံ တော်တော်များများရဲ့ နိုင်ငံတော် အရုပ်တွေထဲမှာ ဒီသိန်းငှက်တွေ ပါဝင်နေခြင်းပဲ။

လေ့လာထားသလောက် (copied and pasted လုပ်ပြောရရင်)-

The coat of arms and flag of Albania (a black double-headed eagle.)

The coat of arms of Armenia (a gold eagle and a lion.)

The coat of arms of Austria (a black eagle.)

The coat of arms of the Czech Republic,

The coat of arms of Egypt,

The coat of arms of Germany (a black eagle.)

The coat of arms of Ghana (two golden eagles),

The coat of arms of Iceland,

The coat of arms of Indonesia,

The coat of arms of Iraq,

The coat of arms of Mexico,

The coat of arms of Moldova,

The coat of arms of Montenegro,

The coat of arms of Navarre/Basque Country Kingdom,

The coat of arms of Palestine,

The coat of arms of Panama,

The coat of arms of the Philippines,

The coat of arms of Poland,

The coat of arms of Romania,

The coat of arms of Russia,

The coat of arms of Serbia,

The coat of arms of Syria,

The Great Seal of the United States,

The coat of arms of Yemen,

The coat of arms of Zambia.

အဲဒါတွေကတော့ သိန်းငှက်ရုပ်တွေ အသုံးပြုထားတဲ့ နိုင်ငံတွေ။


"သိန်းငှက်ရုပ် တံဆိပ်တုံးများ"

သမိုင်း ပြန်ကြည့်လိုက်ရင်-

သိန်းငှက်ရုပ် တံဆိပ်သုံးခဲ့ကြတဲ့ နိုင်ငံတွေအများကြီး။ Egypt ဘုရင်တွေရဲ့ တံဆိပ်တွေ၊ Napoleon I (ပြင်သစ်ဘုရင်) တံဆိပ်တွေ၊ Persian အင်ပါယာ စစ်တပ်ရဲ့ တံဆိပ်တွေ၊ The Romans စစ်တပ် Russian Empire စစ်တပ်၊ Austrian Empire စစ်တပ်၊

Prussia, and Germany စစ်တပ်တွေ ချိတ်ပိတ်လက်မှတ်ထိုးတဲ့ တံဆိပ်တွေထဲမှာ ဒီငှက်ရုပ်ပုံတွေ ပါနေတယ်..

ဒီငှက်ရုပ်ကို (၁၉၃၀-၄၀) တုံးက Germany စစ်တပ်ရဲ့ ခေါင်းဆောင်-ကမ္ဘာ့လူဆိုးကြီး တစ်ဦးဖြစ်တဲ့ ဟစ်တလာလဲ သုံးခဲ့တယ်


"ရုပ်ပိုင်းဆိုင်ရာ အပြင် သူတို့ရဲ့အတွင်းသဏ္ဌန်ကို လေ့လာခြင်း"

ကောင်းကင်ပေါ်မှာ ဘုရင်လို့ယူဆလို့ရတဲ့ ဒီကောင်တွေ ဥပေါက်ရင်လည်း မများဘူး..

(၂)ဥ (၃)ဥပဲ ပေါက်တယ်.. ဥကပေါက်လာရင် ကြီးတဲ့ အကောင်က အကောင်ငယ်လေးတွေကို ပြန်သတ်ပစ်လိုက်တယ်...

ဒါကို မိဘတွေက ထိုင်ကြည့်နေတယ်.. (မိဘတွေက ကလေးကို သတ်ရဲဖြတ်ရဲအောင် / ရင်သွေးချင်းတူတူ သတ္တိရှိတဲ့သူ လျှင်မြန်ထက်မြက်တဲ့သူကိုပဲ တန်ဖိုးထားလို့တမင်မြေတောင်မြှောက်သင်ကြားပေးနေတာလို့စဉ်းစားမိတယ်)..

အကြိုက်ဆုံး အချက်က-

သူတို့ရဲ့အိမ်ထောင်ဖက်ရွေးချယ်ပုံ

ဘဝတခုလုံးအတွက် တယောက်ပဲ အဖော်အဖြစ်သတ်မှတ် ဘဝတခုလုံး တည်တံ့အောင် ချစ်ကြ သစ္စာရှိကြတဲ့ အချက်တွေ..

အထီးက အမထက် နဲနဲ သေးပြီးငယ်တဲ့ အချက်ကလဲ စိတ်ဝင်စားစရာတခု-

ဒီအမတွေ မှာ ကောင်းတဲ့ အရည်အချင်းတွေရှိမယ်.. သူတို့ရဲ့အိမ်ထောင်ဖက် အထီးတွေကို လွယ်လွယ် လက်ခံတာမဟုတ်ဘူး..

အမြင့်ပေါ်ကနေ လွှတ်ချလိုက်တဲ့ သစ်ကိုင်း တခုကို လေထဲမှာပဲ ရအောင်ဖမ်းပြနိုင်မှ သူ့ရဲ့အဖော်အဖြစ် လက်ခံတာ..

အတူတူနေပြီဆိုရင်လဲ သေတဲ့ အထိတူတူနေတာ... သူတို့ရဲ့သက်တမ်းက ၃၀နှစ်..

စကားပြန်ကောက်ရရင်-

ဒီငှက်မောင်နှံတွေဟာ..သူတို့ရဲ့အဖော်တွေ ဘဝလမ်းခုလတ်မှာ ဆုံးပါးကွယ်လွန်ခဲ့ရင်-

သေသွားတာ မသိသေးပဲ ကျန်တဲ့ အကောင်က နောက်ထပ်အဖော် ထပ်မရှာဘူး/ သေတာသိတဲ့ အကောင်တွေက သူတို့ကိုယ်သူတို့ကောင်းကင်မြင့်ပေါ်ကနေ ကျောက်ဆောင် ကျေက်တောင်ပေါ် တဟုန်ထိုး စိုက်ဆင်းပြီးသတ်ဖြတ်လိုက်တယ်။

အဲဒါ...

ကျွန်တော်လေးစား သဘောကျတဲ့ သိန်းငှက်အကြောင်းပဲ... သူငယ်ချင်းမိတ်ဆွေတွေကော...သဘောကျရဲ့လား လေးစားရဲ့လား....