Norway to Sweeden

"နော်ဝေးမှ ဆွီဒင်သို့"


မြို့ပြတွေထက် တောတောင်ကျေးရွာတွေအလှကို

ပိုကြိုက်ပြီး လမ်းဘေးမြင်ကွင်းတွေကိုပါ ကြည့်ချင်လို့ နော်ဝေးကနေ ဆွီဒင်ကို အေးအေးဆေးဆေးဆေးကားမောင်းသွားတာ ရနာရီလောက်ကြာတယ် ဖရီးဝေးလမ်းတွေက ယူအက်စ်က လမ်းတွေလောက် မကျယ်ဘူး မကြီးဘူး

သူတို့က ကားအသေးလေးတွေ ပိုသုံးတယ်

သူတို့ဆီမှာ ယူအက်စ်က မီဒီယမ်အရွယ်ကားတွေအထိ သုံးကြပေမဲ့ ယူအက်စ်က မော်တော်ဘုတ်ဆွဲတဲ့ လူသုံးကားတွေလောက်အထိတော့ များများစားစား မမြင်ရဘူး

အမယ်-

ဓာတ်ခဲဇိမ်ခံကား Tesla Car တွေ အများကြီး လမ်းပေါ် ပြေးနေကြတယ် California Sunnyvale မှာ မြင်ဖူးခဲ့တဲ့ Tesla Car Model တွေ အကုန်သုံးနေကြတယ်

လမ်းတွေက အများအားဖြင့် ဟိုဖက် ယာဉ်ကြောနှစ်ခု ဒီဖက်ယာဉ်ကြောနှစ်ခုပေါ့

တခါတလေ တဖက်ကို ယာဉ်ကြောတခုပဲ ရှိတာလည်း တွေ့ရတယ် လက်ယာကပ်မောင်းပေါ့

ဖရီးဝေး အမြန်နှုုံးကို ကင်မရာတွေနဲ့ ထိန်းသလို

ကျေးဇူးရှင် ရဲတွေကလည်း BMW တွေနဲ့ စောင့်ဖမ်းနေကြတယ် အများဆုံးတွေ့ရတဲ့ကားတွေကတော့ ဂျာမန်ကားတွေပါပဲ အမေရိကန်ကားတွေ ဂျပန်ကားတွေ ကိုရီးယားကားတွေ အသုံးများကြတယ်

အိန္ဒိယထုတ် Smart car သေးသေးလေးတွေကိုလည်းမြင်ခဲ့ရတယ်

ပေးမောင်းတဲ့ Speed က ၁၂၀ ကီလို ကနေ ၅၀/၆၀/၇၀/၁၀၀ ဆိုပြီးတွေ့ရတယ်

အင်္ဂလိပ်စံနစ်ပေါ့ ဓာတ်ဆီ က လီတာ ကိုသုံးတယ် ဂါလံ နဲ့ မိုင်မသုံးဘူး ကီလို သုံးတယ် ဒါပေမဲ့ လန်ဒန်လို ဘယ်ကပ်မမောင်းဘဲ ယူအက်စ်လို ညာကပ်မောင်းပေါ့

ဒီက ကျေးဇူးရှင်တွေကတော့ "ကိုင်" ကြတယ်

ကျွန်တော်ကတော့ တယောက်ထည်း အမြန်မမောင်းရဲဘူး နောက်ကနေတက်လာတဲ့ အဖွဲ့ထဲ ဝင်ရောပြီး လိုက်ရတယ် ကင်မရာတွေ အများကြီး

သူတို့ လျှော့ချရင် ကိုယ်လည်းလျှော့ပေါ့

အများအားဖြင့် အနှေးယာဉ်ကြောလိုင်းမှာပဲ မောင်းကြတယ် ဘယ်ဖက်လိုင်းကို ကျော်တက်ဖို့ပဲ သုံးကြတယ် အမြန်"ကိုင်" လည်း ညာဖက်လိုင်းထဲမှာပဲ ပြန်ဝင်ပြီး မောင်းတယ် ဘယ်ဖက်အမြန်လိုင်းထဲမှာ ရှေ့ကနေ ဘယ်သူမှ ပိတ်မမောင်းကြဘူး

(ကယ်လီဖိုးနီးယားမှာ မမြင်ဖူးပေမဲ့ မီချီဂန်မှာလို-)

ဖရီးဝေးပေါ်မှာ ညာဖက်မှာ မောင်းနေတုန်း

အရှေ့ညာဖက်ကနေ "လိုကယ်"လမ်းတွေက ကားတွေဝင်လာတဲ့ အခါ နဂိုမူလ ညာဖက်လိမ်းပေါ်က ကားတွေက ချက်ခြင်း ဘယ်ဖက် လိမ်းလွတ်ရာဖက်တွေဆီကို ပြောင်းမောင်းတာတို့

နောက်

ညာဖက်လိမ်းမှာ မောင်းလာနေတုန်း

ကိုယ့်ရှေ့ တပြလောက်က လမ်းဘေး လွတ်ရာမှာ ကားရပ်ထားတာတို့ ကားပျက်နေတာတာတို့ တွေ့ရင် ညာဖက် လိမ်းပေါ် ဆက်မနေကြတော့ဘဲ ချက်ခြင်း ဘယ်ဖက်လိမ်းပေါ် ကူးကြတာတွေကို

အရမ်းသဘောကျ နှစ်သက်မိတယ် လုံခြုံတာလေး အတုယူစရာလေးပေါ့ဗျာ

နော်ဝေးမှာ အဝိုင်းပါတ်တွေ အများကြီး

ယူအက်စ်လို Stop Signs တွေ မသုံးဘူး

လမ်းဆုံတွေမှာ အဝိုင်းတွေကို မီးပွိုင့်တွေထက် ပို အသုံးများတယ်

နော်ဝေးမှာ

ရေအောက်တွေ၊ တောင်ကုန်းတွေထဲမြှုပ်ထားတဲ့ ဥမှင်လှိုင်ခေါင်းတွေ အများကြီး တွေ့ရတယ်

ဂျပန်လုပ် လုပ်ငန်းသုံးကားတွေကို မြင်ရတယ် ယူအက်စ်မှာ မမြင်ဖူးတဲ့ ဂျပန်ကားမော်ဒယ်တွေ အများကြီးပဲ ကားတွေက ယူအက်စ်မှာ ရောင်းတဲ့ကားအသေးတွေထက် ပို ကြည့်ကောင်းတယ် ပြောချင်တာက ကားမှာ ပါတဲ့ အစိတ်အပိုင်းတွေက ပိုပြီး ပြည့်စုံသလိုပဲ ကားငှားတာ လေဆိပ်က ကားတွေမှာတော့ အော်တိုဂီယာငှားလို့ ရပေမဲ့ ရပ်ကွက်မြို့တွင်းတွေက အငှားကားတွေက ဂီယာထိုးတာတွေပဲ ပိုများတယ် ကျွန်တော်တို့ ဆီက ကားမောင်းလိုင်စင်နဲ့ သုံးလလောက်အထိ ပေးမောင်းတယ်လို့ သိရတယ်

စနေညနေဆိုတော့ ယူအက်စ်က လူတွေလိုပါပဲ

လူငယ်တွေ လူလတ်တွေ လူကြီးတွေက ဆိုင်တွေ ကလပ်တွေမှာ စားကြသောက်ကြတရုံးရုံးနဲ့

Shopping Malls တွေ ညနေ၆:၀၀ ဆို ပိတ်ရော ဒါကတော့ ယူအက်စ်နဲ့ မတူဘူး

ယူအက်စ်မှာက သောကြာ စနေဆိုရင် နောက်ကျမှ ပိတ်တယ် တနင်္ဂနွေ ပဲ ညနေစောစောပိတ်တာ

ညဖက်ဖရီးဝေးတွေမှာလည်း စနေတနင်္ဂနွေ ဆိုရင် ကားအရမ်းရှင်းတယ် ဓတ်ဆီဆိုင်တွေအကုန်နီးပါး အပြင်ဖက် မှာပဲ "ကပ်"ဆွဲဖြည့်လို့ ရတယ် ဒါလည်း ယူအက်စ်နဲ့ မတူဘူး ဖရီးဝေးဘေး တွေမှာ

Mc Donald’s, Burger King, KFC, Subway, Pizza Hut, တွေနဲ့ အခြား မမြင်ဘူးတဲ့ စားသောက်ဆိုင်တွေ တွေ့ရတယ်

Shell ဓာတ်ဆီဆိုင်တွေ အရမ်းပေါ

ယူအက်စ် 76 တို့ Shevron တို့ကို မတွေ့ဘူး

တခြားနာမယ်တွေတော့ တွေ့တယ်

နော်ဝေးကို ဆွီဒင်ထက် ပိုကြိုက်တယ် ပိုအေးချမ်းတယ် အညတရ အလှလေးတွေပိုများလို့

ဆွီဒင်က မြို့ပြ ပိုဆန်တယ် မြို့ထဲမှာမျက်စိနောက်တယ် နောဝေးက ၃၈၅၂၀၃ km²အရွယ်ရှိတယ်

၂၀၁၆ က စာရင်းအရ လူဦးရေ ၅ဒဿမ မီလီယံ ကျော်ကျော်ရှိပြီး ဆွီဒင်ရဲ့ size က ၄၄၇၄၃၅ဂkm² ရှိပြီး လူဦးရေ ၉.၉ မီလီယံ ရှိနေတယ်

အစားအသောက် အသီးအနှံတွေက အမှန်အကန်ပဲ

စတော်ဘယ်ရီတွေ စပျစ်သီးတွေ သေးသေးလေးတွေ သဘာဝ အပင်သီးတွေပါ

လူခံမရှိဘဲ အင်္ဂလိပ်စာသိရုံနဲ့ လာလည်လို့ မလွယ်သလို သိတ်လှ သိတ်အေးချမ်းတဲ့ နိုင်ငံလေးအဖြစ် နော်ဝေးကို သဘောကျ မိတယ်

ဆွီဒင်က ပိုကြီးတယ် လူရှုတ်တယ်

စန်းအောင်

မေ-၁၃-၂၀၁၈