Not Sure
"မသေချာတဲ့ နိယာမ"
"မသေချာတဲ့ နိယာမ"
အရင်တုန်းက..
(နွေးထွေးမယ်) စျေးတွက်နဲ့ ယုံကြည်ထားခဲ့သူ-
ဟိုးအဝေးကို ပြေးထွက်လို့ အေးစက်စွာ ခွဲထွက်သွား
ဖူးတယ်..
အရင်တုန်းက..
ဧပရယ်ဆိုတာ
နေတကယ်ပူပြီး-
ရေအလယ်မှာ နေရရင် ကောင်းမှာပဲ လို့ တွေးခဲ့ဖူးတယ်..
အရင်တုန်းက..
ချွေးရွှဲတဲ့ ဧပရယ်..
ခုတော့-
သွေးခဲမဲ့ လေဝေတယ်..
ဪ-
ပြေးလွဲတဲ့ အေးကွဲစရာ အကြောင်း။ ။
စန်းအောင်
ဧပြီ-၁၅-၂၀၁၈