About Love

"ချစ်တယ်" ဆိုတဲ့ "အချစ်အကြောင်း" ပြောပြမယ်။

"ချစ်တယ်"ဆိုတာ ပထမကတော့ သဘောကျတယ်

ကြိုက်တာပေါ့၊ မင်းသား မင်းသမီးတယောက်ကို

မြင်တော့ သဘောကျ၊ နောက် ကြိုက်သွားတဲ့ ပုံမျိုး။

ကြိုက်ပါများရင် ကြာလာတော့ စွဲသွားရော၊

သတိရနေမယ်၊ တမ်းတနေမယ်၊ အဲလိုဖြစ်လာတယ်။

ဒီနေရာမှာ သဘောကျတယ် ကြိုက်တယ် ဆိုတာက

အပြင်ဘန်း အဆင်အပြင် စတိုင်လ် ပုံစံကိုကြိုက်တာ၊

လွယ်လွယ်ပြောရမယ်ဆိုရင်-မျက်နှာ၊ အရပ်အ

မောင်း၊ ဆံပင်ပုံစံ၊ ဝတ်ပုံစားပုံ၊ ကိုယ်ခန္ဓာကို

သဘောကျတာ။

(ရုပ်ဆိုးတာ ရုပ်ချောတာ နဲ့ တော့ သိပ်မဆိုင်ဘူး၊

ကိုယ်ကြိုက်တဲ့ပုံမျိုးနဲ့ ကိုက်နေရင် ဒါချောသွားတော့တာပဲ)

ကြိုက်တော့၊ ချစ်တော့၊ စွဲလန်းတော့ ဘာဖြစ်လာသလဲ? လိုချင်လာတယ်၊ ကိုယ်ပဲ ကြည့်နေ

ချင်တယ်၊ အပိုင်လိုချင်တယ်၊ သူများတွေကို သဝန်တိုလာတယ်။

ပထမ ကြိုက်တယ်၊ တဏှာ။

နောက်- စွဲလန်းတယ်၊ လိုချင်လာတယ်၊ လောဘ။

ကိုယ်ပဲပိုင်ချင်တယ်၊ အတ္တ။

မရတော့ ဝမ်းနည်းတယ်၊ မျက်ရည်ကျတယ်၊ မခံချင်စိတ်ဖြစ်ရင် ဒေါသ။

အဲဒီအချစ်မျိုးကို တဏှာချစ် လို့ခေါ်တယ်။ပူလောင်တယ်။

"အချစ်ဆိုတာ- ရယူခြင်း၊ ပိုင်ဆိုင်ခြင်း၊ လိုချင်ခြင်း"

လို့ ပြောကြတဲ့ အချစ်ဟာ အတ္တအချစ်၊ ဒါမှမဟုတ် တဏှာချစ် ပဲ ဖြစ်တယ်။

ဒီအချစ်ဟာ မမြဲဘူး၊ ကြာကြာမခံဘူး၊ ဘာကြောင့်လဲဆိုတော့- မမြဲတဲ့ မျက်နှာ နဲ့ အသက်ခန္ဓာ ပေါ် မှီနေလို့။

အရင်က ကြိုက်ခဲ့တုံးက ပိန်ပိန်လေး၊ အခုကျတော့ ဝလွန်းလာတော့ မကြိုက်ချင်တော့ဘူူး။

အရင်က ချစ်စရာလေးဟာ အခုကျတော့ စိတ်ပျက်စရာဖြစ်လာတယ်။

မက်မက်မောမောရင်ခုံခဲ့ရတဲ့ ကိုယ်ကာယ အလှတွေက အခုတော့ ရွံစရာဖြစ်လာပြီ။ မကြိုက်နိုင်

တော့ဘူး။ မမြဲတဲ့ ခန္ဓာအလှအပကို အမှီပြုတဲ့ အချစ်နဲ့ ချစ်တယ်ဆိုတဲ့သူဟာ သူကြိုက်တယ်ထင်တဲ့ဟာက စိတ်ပျက်စရာဖြစ်လာရင်- လှတဲ့၊ ချောတဲ့၊ နုတဲ့၊ ငယ်တဲ့ နောက်တယောက်ကို ထပ်ရှာတော့တာပဲ။

ဒါကြောင့် ဒီအချစ်မျိုးဟာ မမြဲဘူး။

လူကြီးပေးစားလို့ ယူလိုက်ရတယ်၊ မကြိုက်ပဲယူလိုက်ရတယ် ဆိုတဲ့သူတွေလဲ သူတို့ယူလိုက်ရတဲ့သူတွေကို အစက မချစ်ဘူး ဆိုပြီး ပြောကြ၊ ထင်ကြတယ် ဒါပေမဲ့- နောက်ကျတော့

ကြိုက်သွား၊ ချစ်သွားတာပါပဲ ဆိုတယ်။

ဒါက အချစ်မဟုတ်ဘူး၊ အတူနေမိတော့ ရင်းနှီးပြီး သံယောဇဉ်ဖြစ်သွားတာ၊ ပြီးတော့မှ စွဲလမ်းတယ်၊

ကြိုက်သွားတယ်၊ ချစ်သွားတယ်။

စဉ်းစားစရာကောင်းတာက-

ဘာကိုကြိုက်သွားတာလဲ?

ချစ်သွားတာလဲ?။

ရုပ်ကိုကြိုက်တာချည်းပဲ ၁၀၀% မဟုတ်တော့ဘူး။

အဲဒီနောက်က ထိတွေ့လို့မရတဲ့ (ကိုယ့်ခင်ပွန်း ကိုယ့်မိန်းမ ရဲ့) စိတ်ဓာတ်၊ အတွေးအခေါ်၊ ကိုယ့်ကို ဆက်ဆံတဲ့ အပြုအမူတွေကို ကြိုက်လာတာ ဖြစ်တယ်။

ကိုယ့်ကို စိတ်ချမ်းသာစေတဲ့၊ သူ့စိတ်ကို ကြိုက်လာတဲ့ ဒီအချစ်ဟာ အတ္တအရင်းခံ အချစ်ပဲ။

လူတိုင်းနီးပါး ဒီအတ္တအရင်းခံအချစ် ရဲ့အောက်မှာရှိ

ကြတယ်။

တချို့ကျတော့ ကိုယ်က ကြိုက်ရုံ၊

ချစ်ရုံမကတော့ဘူး။

တဖက်သားကို စဉ်းစားပေးလာတယ်။ ကိုယ်ချင်းစာလာတဲ့ အချစ်ပေါ့။

"သူ့ကို ငါ ဒါများ ဒီလိုလုပ်လိုက်ရင်- သူ

စိတ်ဆင်းရဲ၊ စိတ်ညစ်သွားမလား၊ အနိုင်ကျင့်ရာ

ရောက်သွားမလား" စဉ်းစားပေးတတ်လာတယ်။

သူ့သဘောတွေကို နားလည်တတ်အောင်၊ ဆင်ခြင်

တတ်လာတယ်။ သူမကြိုက်တာတွေ မပြောမိ၊ မလုပ်မိအောင် သတိထားပြုပြင်လာတယ်။ သူ့အတွက်

အကောင်းဆုံးတွေဖြစ်အောင် လုပ်ပေးတတ်

လာတယ်။ ကိုယ့်ကို သူမုန်းသွားနိူင်ပေမဲ့ သူကောင်းဖို့ ပြောရဲ လုပ်ရဲတဲ့အဆင့်အထိ လုပ်နိုင်လာတယ်။

ဒီလို အချစ်မျိုးကို-

နားလည်တတ်တဲ့၊ ကိုယ်ကျိုးစွန့်တဲ့၊ အတ္တမပါတဲ့

ကိုယ်ချင်းစာတတ်တဲ့အချစ်လို့ ခေါ်နိုင်တယ်။

ကိုယ့်ဖက်က ကိုယ်လိုချင်တာတွေဘေးဖယ်ထားရတဲ့အပြင် သူကောင်းဖို့ ကိုယ်မလုပ်ချင်တာကို လုပ်ရတဲ့ အချစ်။

ကိုယ့်ဆန္ဒတွေကို လျှော့ချထားပြီး သူ့အကြိုက်တွေကိုပဲ လုပ်ပေးရတာဖြစ်လို့ ကိုယ့်အတွက်ဦးစားပေးမဟုတ်ပဲ သူ့အတွက်ကောင်းအောင်လုပ်ပေးရတဲ့ အတွက် ပေးဆပ်တဲ့အချစ် လို့ ခေါ်တယ်။

ဒီလိုအချစ်မျိုးနဲ့ချစ်မိတဲ့သူတွေဟာ-

သူ့ချစ်သူက သူ့ကို မချစ်တော့ဘူး..၊ လမ်းခွဲမယ်လို့ ပြောလာရင် လိုလိုလားလား လမ်းခွဲပေးမှာ သေချာတယ်။

နောက်ကွယ်မှာတော့ ထိခိုက်၊ နာကျင်၊ သေလုမျောပါး ခံစားရပေမဲ့ သူ့ချစ်သူ စိတ်မရှုတ်သွားအောင်

ပြုံးနေ ရီနေ ဖုံးကွယ် ဟန်ဆောင်ထားနိုင်လောက်

အောင် ချစ်တဲ့ အချစ်ဟာ တော်တော်မြင့်တဲ့၊ လုပ်ဖို့ ခက်တဲ့ အချစ် ဖြစ်တယ်။

(သူ့ကို အဲလိုချစ်တတ်တဲ့သူမှန်းမသိပဲ၊ ရုပ်ကို

မကြိုက်လို့ ဒါမှမဟုတ် သူ့အသိုင်းအဝိုင်းဆွေမျိုးတွေကို မကြိုက်လို့ ဆိုပြီး လမ်းခွဲဖို့ ကြိုးစားတဲ့ သူ့ရဲ့ချစ်သူဟာ ဘယ်လောက်နစ်နာသွားသလဲ၊ ဆုံးရှုံးသွားသလဲ)

ဒီအချစ်မျိုးက ပေးဆပ်တဲ့အချစ်မျိုး။ "ပန်းကလေး

လှတယ်၊ သူ့ဟာသူ အပင်ပေါ်မှာပဲ နေပါစေ၊"

မခူးရက်၊ မထိရက်တဲ့ လူတယောက်လိုမျိုး။

ဒီအချစ်က ရယူတဲ့အချစ်ထက် ပိုကြာကြာခံတယ်။

စွန့်လွှတ်၊ နားလည်၊ ကိုယ်ချင်းစာမှုနဲ့ ချစ်တာ ကြိုက်တာဆိုတော့ တသက်လုံး မပြောင်းလဲတော့ဘူး။

အိုမင်းရုပ်ပျက်လာလဲ နားလည်စွာနဲ့ ချစ်သူကောင်းဖို့ အရာရာကို စွန့်လွှတ်နိုင်တဲ့ သူ့ချစ်သူကို စိတ်ချမ်းသာစေနိုင်တဲ့ အချစ်။

ပြောချင်တာက-

အချစ် ဆိုတာ ဘယ်လိုမျိုးလဲ သိဖို့လိုတယ်။

ကိုယ်က ဘယ်အချစ်မျိုးထဲမှာ ကျက်စားနေတယ်၊

ဘယ်အဆင့်မှာပဲ ရှိနေတယ်၊ သိဖို့လိုတယ်။

"ချစ်တယ် ချစ်တယ်" ဆိုတာ ပြောလို့လွယ်တယ်၊

ဘယ်လိုချစ်သလဲ? ကိုယ့်အချစ်က

ဘယ်လိုလဲ? သိဖို့က (သူ့အချစ်က ကိုယ့်အပေါ်မှာ

ဘယ်လိုလဲ ဆိုတာထက်) ပို ခက်ခဲတယ်။

တယောက်ကို တယောက် ချစ်တယ်ဆိုတဲ့သူ

တွေ-

အတ္တအချစ် က ပိုကောင်းသလား?

ကိုယ်ချင်းစာ ကိုယ်ကျိုးစွန့်အချစ်က ပိုအေးချမ်းသလား ဆိုတာကို ခွဲခြားသိမြင်နိုင်ကြပါစေ။

ပိုကောင်းတဲ့ အဆင့်မြင့်တဲ့အချစ်နဲ့ တယောက်ကို တယောက် အပြန်အလှန် ညီတူညီမျှ

ချစ်နိုင်ကြပါစေ။

ကိုယ်ကတော့ ပန်းလေးတစ်ပွင့်ကို ချစ်မိရင်

အပင်ပေါ်မှာပဲထားပြီး မြတ်မြတ်နိုးနိုးကြည့်နေချင်တာ

ခူးပြီး ပန်းအိုးထိုးတဲ့သူထဲမှာမပါဘူး

ချစ်မိရင်လည်း ဆံဖြားကနေ ခြေဖြားဆုံးထိ အတွင်းက စိတ်လေးတွေကိုပါ ချစ်တယ်