Mummy Sein
ကျွန်တော်က သားအကြီးဆုံးလေ
သူ့ရှေ့မှာ ဘာစားချင်သလဲ ပြောလိုက်ရင်
မအားတဲ့ကြားက လုပ်ပေးတော့တာပဲ
သိတဲ့ အတိုင်း
ကျွန်တော်က ဂျီးများတော့
ဟိုဟာမစား ဒီဟာရှောင်
သူက ရအောင် ချက်ပေးတာ
ခင်မင်သူအချို့က "ဒီလို ခေါ်တယ် ကျွန်တော့်နာမယ် ကိုပေ..." ဆိုတဲ့ အတိုင်း
ဟင်းလေးတွေက တွဲပြီး စားချင်သေးတာ( ပဲကြီးဟင်း ကို လုပ်စမ်းပါအုံး၊ ခရမ်းချဉ်သီး ချက်၊ ငါးရံ့ခြောက်မီးဖုတ်နဲ့
စားချင်တယ်/ မုန်လာဥ ချဉ်ရေဟင်းလေး ကို ငါးပိထောင်းစပ်စပ်လေးနဲ့ ပဇွန်တမျိုးမျိုးချက်ပေးစမ်းပါအုံး/
ငါးနဲ့ချက်တဲ့ မျှစ်ချဉ်ဟင်းလေး ညထဲက ကြိုပြီး ချက်ထားကွာ ငါးအတုံးလိုက် မဖြစ်စေနဲ့ ညသိပ်ချက်တာ ပိုကောင်းတယ်
မုံ့ဟင်းခါးလိုပဲ ငါ့အဖွား တွေ ငါ့ အဒေါ်တွေ ဒီလိုပဲချက်တာ/ခရမ်းသီးဟင်းကို ရေကြဲကြဲ ဆီနဲနဲနဲ့ ပျော့်ပျော့်ပြဲပြဲလေးချက်စမ်းပါအုံး ရရင် ဒို့ ပုန်းရေကြီး လက်ကျန်လေးဖျော်ကွာ
ငါ ပဲ(စပဲန်းနစ်ချ်)ဆိုင်က ဝယ်လာတဲ့ ငါးရုပ်သီးခြောက်ကို ကြက်သွန်နီ ဆားထဲ့ထောင်း ဆိပ်ဖြူစတိုင်လေး တွယ်ချင်တယ်/ ကင်ပွန်းရွက်ချဉ်ရည်ရတယ် ဟုတ်လား?
မင်းကွာ ငါးသလောက်နဲ့ တူတဲ့ မစ်လ်က် ဖစ်ရှစ် ပစိဖိတ်စူပါမှာ ကြွပ်ကြွပ်ကြော်ခိုင်းလိုက် ရှိတဲ့လက်ကျန်ငါးပိရေလေးနဲ့ဆို လိုက်မှလိုက်၊ ဒါ ငါ ငယ်ငယ်က ဖိုးဖိုး သာဓုခြံသွားလည်တုံးက ဖွားဖွားညို (အမေညို- ဦးဦးဝဏ္ဏတို့ ဦးဦး ဗလ တို့ အခေါ်) ကျွေးတာ ကောင်းလွန်းလို့ ဂျို့တောင်ထိုးတယ်
လေးချက်စမ်းပါအုံး တင်တင်အေး စတိုင်နော် တခါတလေ လဲ မြေနီကုန်း စိန်ဥပေါ့/ မင်း အုန်းနို့ခေါက်ဆွဲက တို့ဟူးတုံးတွေက ကြီးလွန်းတယ်ကွာ ဪ ကလေးတွေအတွက် ကြက်သားနဲ့
ချက်တာလား လမ်းလျှောက်တဲ့ကြက်နဲ့
ချက်ကွာ(လှောင်အိမ်ထဲမှာမွေးပြီးဖောင်းကားပြီး
ဝဖြိုးနေသော အမေရိကန်ကြက်မဟုတ် လွတ်လွတ်လပ်လပ် မြေပြင်ပေါ် လမ်းလျှောက်၍ သူ့ဖာသာ အစာရှာစားသော တောကြက်ကို ဆိုလိုတာ) စသည်ဖြင့်
ရစ်တဲ့ အခါ ရအောင် ချက်ပေးလေ့ရှိပါ တယ်
ချက်တိုင်းလဲ နီးစပ်ရာ သူငယ်ချင်းများကို နဲနဲစီ ဝေငှတဲ့ ကျွန်တော့် အမေကြီးပါ
ရှဲရတယ် ဘုရားက တယောက်ထဲစားတာမကြိုက်ဘူး ဆိုပြီး အားလုံးကို ဆုံးမသေးတာ
တခုတော့ ရှိတယ်
ပဇွန် ၊ အချိုမှုံ့ တွေ မလုပ်ပေးချင်ဘူး
ပဇွန်ဆိုတာ အမှိုက်ကား ညစ်ပတ်တယ် အချိုမှုံ့က ကင်ဆာဖြစ်မယ်
အဲလိုမကောင်းမြစ်တား ကောင်းရာညွှန်တဲ့ အမေစိန်ပါ