DTS
"ရှေ့ရောက်လိုက်နောက်ရောက်လိုက်အချိန်စံနစ်"
၁၉၉၆က စလုံး Networking ဆရာတယောက်ရဲ့ အတန်းထဲမှာ DST ဆိုတာကို သူရှင်းပြခဲ့ဖူးလို့ ကြားဖူးခဲ့ပေမဲ့ ၂၀၀၁ ကျွန်တော် ယူအက်စ်ကိုရောက်တဲ့အခါ ကိုယ်တွေ့ကြုံမှ သေချာသိခဲ့ရတဲ့ DST အကြောင်း ဝေငှပါရစေ
Daylight saving time "DST" ကို Daylight Savings time လို့ ယူအက်စ် ကနေဒီးယန်း နဲ့ အော်စတြေးလီယန်းတွေက တခါတလေခေါ်ကြတယ်
တချို့နိုင်ငံတွေမှာ Summer time လို့ခေါ်ကြတယ် အချိန်ကို ကြိုပြီး စောထားလိုက်တော့ နွေရာသီလတွေရဲ့ညနေအလင်းရောင်တွေကိုအချိန်သိပ်နောက်မကျဘဲ မြင်ရသုံးရအောင်လို့ဆိုတဲ့အတွေးကို အင်္ဂလန်နိုင်ငံသား George Hudson က စတွေးခဲ့တယ် ညနေဖက်နာရီစောနေသေးတော့ မီးထွန်းစရာမလိုဘဲ မီးထွန်းခတွေချွေတာနိုင်တဲ့ဒီစိတ်ကူးကို အင်္ဂလန်က William Willett ကဆက်အကောင်အထည်ဖော်ခဲ့လို့ William ကွယ်လွန်ခဲ့ပြီးနောက်တနှစ်အကြာ ၁၉၁၆ မှာတရားဝင် ဥပဒေပြုနိုင်ခဲ့ပြီး စတင်ကျင့်သုံးခဲ့ကြတယ်
တိတိကျကျဆိုရမယ်ဆိုရင် မေလ၁ရရက်၁၉၁၆မှာအင်္ဂလန်မှာစတင်ခဲ့တယ်
ဂျာမဏီ အော်စတြီးယား ဟန်ဂေရီမှာ ဧပြီ၃၀ ၁၉၁၆ မှာစခဲ့တယ်
မနက်နေထွက်လို့အချိန်ပြောင်းနေတာကိုလုံလောက်စွာမညှိနိုင်ကြတဲ့ အီကွေတာနားကနိုင်ငံတွေမှာ DST ကိုမသုံးကြဘူး တချို့နိုင်ငံတွေမှာလည်း နေရာဒေသအလိုက်သုံးသလို တချို့မသုံးကြပြန်ဘူး
ဥပမာ တောင်ဘရာဇီးအခြမ်းတွေမှာသုံးပေမဲ့ အီကွေတာပေါ်နားက ဘရာဇီးနေရာတွေမှာမသုံးကြဘူးအာရှနဲ့အာဖရိကမှာ DST မရှိပါဘူး တကယ်ဆိုရင် ကမာ့လူဦးရေရာနှုံးနည်းနည်းမှာပဲရှိတာပါ DST အချိန်ပြောင်းတဲ့စံနစ်ကြီးက-
အချိန်ကို မှီတွက်နေရတဲ့ခရီးသွားစံနစ်တွေ၊ ကုန်ကျငွေစာရင်းထုတ်ပြန်တာတွေ၊ မှတ်တမ်းတင်မှတ်တမ်းပြုစုတဲ့သူတွေ၊ ကျန်းမာရေးဆေးကိရိယာပစ္စည်းတွေ နဲ့ အကြီးစားပစ္စည်းကိရိယာတွေကို ထုတ်လုပ်ထိမ်းသိမ်းတဲ့အခါတွေမှာအနှောက်အယှက်ဖြစ်စေတတ်ပါတယ် မှားဖို့လွယ်ပါတယ် လူခန္ဓာကိုယ်ရဲ့အိပ်ချိန်အနားယူတဲ့စံနစ်တွေကိုလည်း ထိခိုက်တတ်ပါတယ်
(ကွန်ပျူတာSoftware တွေက အလိုအလျောက် အချိန်ကိုညှိပေးလို့ရပေမဲ့ ဒီ DST ဆိုတာကြီးကိုပါ ရွေးလို့ ရ ဖယ်လို့ရနေတာကလည်း တော်တော်လေးစိတ်ရှုတ်တဲ့အရာ မှားဖို့လွယ်တဲ့အရာလို့ ကျွန်တော့ဖာသာတွေးမိပါတယ်)
၂၀၀၁ တုန်းက- စမတ်ဖုံးတွေမရှိသေးတော့ အိမ်က စားပွဲတင်နာရီတွေလက်ပတ်နာရီတွေကိုအချိန်ပြောင်းဖို့ မေ့သွားလို့ အလုပ်နောက်ကျတာတို့ အလုပ်စောနေတာတို့ ဖြစ်လေ့ရှိပါတယ် လက်ကိုင်ဖုံးတွေ text phone တွေမှာတော့ သူတို့ Server တွေနဲ့ချိတ်ထားလို့ အချိန်ပြောင်းချိန်မှာ သူ့ဖာသာပြောင်းပေးပါတယ် အဲဒါကိုသတိပြုပြီးတဲ့နောက်မှာ ဖုံးပေါ်ကနာရီကိုပဲ အားကိုးကြည့်မိခဲ့ရတာအခုထိပါပဲ DST ကို "မသုံး၊ မရှိ" တဲ့ ကျွန်တော်တို့နိုင်ငံက သူငယ်ချင်းမိတ်ဆွေ ဆွေမျိုးတွေအတွက် သိသလောက် ဝေငှပေးတာပါ မှားနေရင် လိုနေသေးရင် သိသူတွေက ထပ်ပြီးဖြည့်စွက်ကူညီပေးပါကျေးဇူးပါဗျာ
စန်းအောင်
မတ်-၁၇-၂၀၁၈